လီဗာပူးလ်ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ်က အသင်း၏ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်ကို အန်ဖီးလ်ကွင်းတွင် လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် ၂၀၂၃- ၂၄ ရာသီကုန်တွင် လီဗာပူးလ်နှင့် လမ်းခွဲပြီးကတည်းက အသင်း၏ပွဲစဉ်များကို လာရောက်ကြည့်ရှုခြင်းမရှိသေးပေ။ လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်လက်ကျန်(၇)ပွဲတွင် (၁၁)မှတ်ရရုံဖြင့် ချန်ပီယံဆုကို ရယူနိုင်မည်ဖြစ်သည်။ ကလော့ပ်သည် မေလ (၂၅)ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲ လီဗာပူးလ် -ခရစ္စတယ်ပဲလေ့စ်ကို ကွင်းအတွင်း လာရောက်ကြည့်ရှုမည်ဖြစ်ပြီး ချန်ပီယံဖြစ်ပါက အောင်ပွဲခံသွားမည်ဟု ဆိုခဲ့သည်။
Apr 11 • 9:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


