back

အမျှဝေချိန်တွင် လက်ညှိုးကြီးထိုးလာသူကြောင့် အရမ်းလန့်သွားခဲ့ရတဲ့ ကိုသာဂိ

Apr 11 • 2:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမျှဝေချိန်တွင် လက်ညှိုးကြီးထိုးလာသူကြောင့် အရမ်းလန့်သွားခဲ့ရတဲ့ ကိုသာဂိ

ငလျင်ဘေးသင့်ဒေသများသို့ သရုပ်ဆောင် ဟန်ထူးဈာန်နှင့်အတူ ကျပ်သိန်း ၁၀၀ ဖြင့် သွားရောက်လှူဒါန်းခဲ့သော ကိုသာဂိ (Makeup Artist) သည် အမျှဝေချိန်၌ အမျိုးသမီးကြီးတစ်ဦးက ...

ငလျင်ဘေးသင့်ဒေသများသို့ သရုပ်ဆောင် ဟန်ထူးဈာန်နှင့်အတူ ကျပ်သိန်း ၁၀၀ ဖြင့် သွားရောက်လှူဒါန်းခဲ့သော ကိုသာဂိ (Makeup Artist) သည် အမျှဝေချိန်၌ အမျိုးသမီးကြီးတစ်ဦးက ဝင်ပူးကာ လက်ညှိုးကြီးထိုးပြီး သွားရောက်လာမှုကြောင့် အရမ်းလန့်သွားကြောင်း ပြောကြားသည်။ “ကျွန်မကို ဘယ်သူမှ မခေါ်ဘူး”ဟု ပြောပြသည့်အမျိုးသမီးသည် ကိုသာဂိထံ လက်ညှိုးကြီးထိုး၍ ရောက်လာခြင်းဖြစ်ပြီး၊ မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရမှုကြောင့် ထိတ်လန့်မှုတစ်ခုပင် ဖြစ်ခဲ့သည်။ ထို့အပြင် ဒေသခံများက မျက်ရည်တစက်စက်ဖြင့် ဆုတောင်းနေကြသည့်အခြေအနေများ၊ ပြိုကျသည့်အဆောက်အအုံများကြောင့် ထိခိုက်ခံရသူများအတွက် စိတ်မကောင်းဖြစ်ခဲ့ကြောင်း၊ လှူဒါန်းငွေကလည်း ကျပ်သန်း ၇၅၀ ကျော်ရှိပြီး၊ ဆက်လက်၍ ကျပ်သိန်း ၁၀၀၀ ပြည့်အောင် ကြိုးစားနေကြောင်း သိရသည်။


news-view-count-icon

19