ငွေအကြွေရှားပါးလာမှုကြောင့် ရပ်ကွက်အတွင်း လက်လီရောင်းချဆိုင်များသည် အရောင်းအဝယ်လုပ်ငန်းများတွင် ပြန်အမ်းငွေအတွက်အခက်အခဲများကြုံတွေ့လာနေပြီး၊ အကြွေမပါလျှင် မရောင်းတော့ကြောင်း ပြောကြားလာကြသည်။ YBS စနစ်သစ်အပြောင်းအလဲကြောင့် အကြွေများစွာ စုပေါင်းသွားခြင်း၊ ငွေစက္ကူ၏အသုံးပြုမှုမြင့်တက်လာခြင်းကြောင့်လည်း ဈေးသည်၊ ဝယ်သူ နှစ်ဖက်လုံးအတွက် စကားမပြေလည်မှုများ၊ အကြွေမရှိသည့်အတွက် လျော့ရောင်း၊ အကြွေးမှတ်ရမှုများ ဖြစ်ပေါ်လာနေသည်။ ထို့အပြင် ငွေစက္ကူဟောင်းများအသုံးပြုမှုကြောင့် ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ကျန်းမာရေးပညာရှင်များကလည်း သတိပေးထားသည်။



