back

❝မြန်မာ့ငလျင်ဘေးမှာ လာရောက်ကူညီနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သဖြင့် ဒုဥက္ကဋ္ဌမှ ဂုဏ်ပြုနှုတ်ဆက်❞

Apr 11 • 2:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

❝မြန်မာ့ငလျင်ဘေးမှာ လာရောက်ကူညီနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သဖြင့် ဒုဥက္ကဋ္ဌမှ ဂုဏ်ပြုနှုတ်ဆက်❞

အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ပီသစွာဖြင့် မည်သည့်နှောင်ဖွဲ့မှုမျှမရှိဘဲ လူသားချင်းစာနာထောက်ထားမှု စိတ်ထား၊ ကိုယ်ချင်းစာစိတ်ထား အပြည့်အဝဖြင့် ကူညီပေးခဲ့မှုအတွ...

အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ပီသစွာဖြင့် မည်သည့်နှောင်ဖွဲ့မှုမျှမရှိဘဲ လူသားချင်းစာနာထောက်ထားမှု စိတ်ထား၊ ကိုယ်ချင်းစာစိတ်ထား အပြည့်အဝဖြင့် ကူညီပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လာရောက်လုပ်ဆောင်ခဲ့ပြီး ဌာနေသို့ ပြန်လည်ထွက်ခွာမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ဂုဏ်ပြုနှုတ် ဆက်ခြင်းအခမ်းအနားကို ဧပြီ ၁၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ တပေါင်းကွင်း၌ ကျင်းပပြု လုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် တက်ရောက်၍ ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်ဟု သိရသည်။

news-view-count-icon

18