ဧပြီ ၁၀ ရက်မှစ၍ ပျဉ်းမနား-တောင်တွင်းကြီး ရထားလမ်းပိုင်းတွင် လူစီးကုန်တင်ရထားများကို ယခင်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိပြီး၊ အမှတ် (၁၀၃) ရထားသည် မွန်းလွဲ ၂ နာရီတွင် ပျဉ်းမနားမှ ထွက်ခွာ၍ ည ၈ နာရီတွင် တောင်တွင်းကြီးသို့ ရောက်ရှိမည်ဖြစ်သည်။ အမှတ် (၁၀၄) ရထားမှာ တောင်တွင်းကြီးမှ နောက်နေ့ နံနက် ၅ နာရီတွင် ထွက်ခွာကာ နံနက် ၁၁ နာရီတွင် ပျဉ်းမနားသို့ ဆိုက်ရောက်မည် ဖြစ်ပြီး၊ ရထားတွင် ရိုးရိုးတန်းလူစီးတွဲ ၅ တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်သည်။



