မန္တလေးမြို့ အောင်မြသာစံမြို့နယ်၊ ၅၈လမ်းနှင့် ၁၀၊ ၁၁လမ်းကြားရှိ မိုးမန္တလေးရွှေဆိုင်တွင် ဧပြီ ၁၀ ရက်နေ့လည်ပိုင်းက လူငယ် ၅ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့်ရောက်လာကာ ရွှေပေါင်နှံကြောင်းတောင်းဆိုပြီးနောက် ဓားဖြင့် ဆိုင်မှန်ခွဲကာ သိန်း ၁၃၈ ဖိုးရှိ ရွှေထည်များကို ယူဆောင်သွားကြောင်း သိရသည်။ ဖြစ်စဉ်အပြီးတွင် လုံခြုံရေးအဖွဲ့များက ဓားတစ်လက်၊ ဆိုင်ကယ်တစ်စီးနှင့် ဖိနပ်တစ်ရံအား သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ မန္တလေးတွင် နိုင်ငံရေးဖြစ်စဉ်များ ပြောင်းလဲပြီးနောက်ပိုင်း ရွှေဆိုင်တိုက်မှု ၁၅ ကြိမ်ကျော် ဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။



