back

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရေတုံကင်များ ပြန်လည်အသုံးပြုလာကြ

Apr 11 • 1:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ရေတုံကင်များ ပြန်လည်အသုံးပြုလာကြ

လျှပ်စစ်မီး ပြတ်တောက်မှုများ ဆိုးရွားလာခြင်းနှင့်အမျှ ရေပေးဝေရေးစနစ် အခက်အခဲများကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လူနေမှုဘဝအဆင်မပြေတာများ ဖြစ်ပေါ်လာပြီ...

လျှပ်စစ်မီး ပြတ်တောက်မှုများ ဆိုးရွားလာခြင်းနှင့်အမျှ ရေပေးဝေရေးစနစ် အခက်အခဲများကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လူနေမှုဘဝအဆင်မပြေတာများ ဖြစ်ပေါ်လာပြီး၊ အချို့သော ပြည်သူများက ရေတုံကင်များကို ပြန်လည် တူးဖော်အသုံးပြုလာကြသည်။မြို့သူမြို့သားအချို့က “ရေပြတ်မယ်ဆိုတာ အချက်အပြုတ်ကနေ ရေချိုးထမင်းချက်ထိအကုန်အခက်အခဲဖြစ်တယ်၊ လျှပ်စစ်မီးက မတည်ငြိမ်တော့ ရေတောင်မတင်နိုင်တော့ဘူး၊ ရေဝယ်သုံးရင်လည်း တစ်စည် ၂,၀၀၀ ကျပ်၊ အဲ့တာထက် ရေတုံကင်တူးလိုက်တာပဲ ပိုတန်တယ်” ဟု ပြောကြသည်။တချို့ မြို့နယ်များတွင် တောင်သူအိမ်သာရှေ့မှာ မြေချပြီးရေတုံကင်တူးနေကြသည်ကို တွေ့ရနိုင်သည်။ ရေကို လက်ဖြင့်ညစ်သုံးနိုင်သဖြင့် မီးမလာလည်း အနည်းငယ်အဆင်ပြေသွားသည်ဟု ပြည်သူများက ပြောကြသည်။မီးဖြတ်၊ ရေပြတ်ဖြစ်နေသည့် လက်ရှိအခြေအနေသည် မြို့ပြလူနေမှုဘဝအပေါ် ပြင်းထန်စွာ သက်ရောက်နေပြီး၊ ပြည်သူအများအတွက် ရေ၊ မီးမရှိခြင်းသည် နေ့စဉ်ဘဝအတွက် တင်းမာမှုဖြစ်စေသည်။


news-view-count-icon

25