ယနေ့ ၁၁.၄.၂၀၂၅ရက်နေ့ မနက် မြန်မာစံတော်ချိန် ၂:၀၈ နာရီအချိန်အတွင်း မန္တလေးမြို့မှ အရှေ့တောင်ဘက် ၄၀ မိုင်ခန့်၊ ကျော်ဆည်မြို့မှ တောင်ဘက် ၁၈ မိုင်အကွာ၊ မြစ်သားအနီးတွင် မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၁ အဆင့်ရှိ မြေငလျင်ငယ်တစ်ခု ထပ်မံ၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။



