ရှမ်းပြည်နယ် စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျမှုကြောင့် သေဆုံးသူ (၇) ဦးအနက်မှ အသက် (၂၉) နှစ်ရှိ ခွန်နွဲ့၏ မိသားစုနှင့် ဆက်သွယ်မရသေးသဖြင့် ကျိုင်းတုံယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆက်သွယ်ရန်ဖုန်းနံပါတ် (096 9099 1926) ဖြင့် မိသားစုဝင်များကို ထပ်မံအသိပေးကြေညာထားသည်။ ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ ဧပြီ ၈ ရက်နေ့ ည (၁၁) နာရီဝန်းကျင်က ဖြစ်ပြီး ယာဉ်ပေါ်ပါ လူ (၁၀) ဦးအနက် (၇) ဦး သေဆုံးခဲ့ကြောင်း သိရသည်။



