back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

Apr 11 • 1:37 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနဲ့အတူ တရားခံများ ဖမ်းဆီးရမိခဲ့

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားန...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ အငှားနေအိမ်တိုက်ခန်း၊ အခန်းအမှတ်(၁၅)ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ ညီလောက်စီ အား စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၁၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ရာ ကွင်းဆက်အရ အဆိုပါအငှားတိုက်ခန်း၊ အခန်းအမှတ်(၁၇)နေ ဆိုင်ကပ် အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂၄ ဂရမ်၊ Happy Water ၃၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား၊ အဆင့်နိမ့်ဘိန်း ၂၅၀ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းအငှားတိုက်ခန်း အခန်းအမှတ်(၅)နေ စည်သူဖြိုး အား စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀,၀၀၀ ပြား၊ HONDA CRV မော်တော်ယာဉ် ၁ စီးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂,၈၅၁ ဒသမ ၇၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၁,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၈၀၉.၈ သိန်း)၊ အဆင့်နိမ့်ဘိန်း ၂၆၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၀၄ သိန်း)၊ ကက်တမင်း ၂၄ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂.၄ သိန်း) နှင့် Happy Water ၃၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၈.၅ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ညီလောက်စီ(၃၂)နှစ်၊ ဆိုင်ကပ်(၃၉)နှစ်နှင့် စည်သူဖြိုး(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။



news-view-count-icon

18