သင်္ကြန်ကာလအတွင်း တာချီလိတ်မြို့ ညစျေးသည်များအား ရှမ်းရိုးမကွင်းအနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် ညနေ ၃နာရီမှ ည ၁၂နာရီအထိ (၇)ရက်ကြာ ပြန်လည်ရောင်းချခွင့် ခေတ္တပြုအပ်ရန် စည်ပင်သာယာရေးဌာနမှ ခွင့်ပြုခဲ့သည်။ စည်းမျဉ်းစည်းကမ်းများ လိုက်နာပါက ရောင်းချပို့ခွင့်ရမည်ဖြစ်ပြီး သင်္ကြန်ပြီးသွားသည့်အချိန်တွင် မူလညစျေးသို့ ပြန်လည်ရောင်းချရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။



