မန္တလေးငလျင်ကြီးဒဏ်ကြောင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းရှိ သမိုင်းဝင်အဆောက်အဦးများအနက် ၇၅ ရာခိုင်နှုန်းခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံမှ သိရသည်။ စေတီ ၁၃ ဆူအထိ ပြိုကျမှုများစွာ ဖြစ်ပွားခဲ့ပြီး သောတပန်ဘုရား၊ ဒေါ်ဂျမ်းဘုရားစု၊ မြသိန်းတန်ဘုရား၊ ပုလိပ်ဘုရားစုနှင့် အင်ရောင်းဘုရားစုတို့၌ ထိခိုက်မှုများစွာရှိနေသည်။



