back

မြန်မာ၌ အကူအညီအရေးတကြီးလိုအပ်နေသေးဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို

Apr 10 • 9:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ၌ အကူအညီအရေးတကြီးလိုအပ်နေသေးဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသည် ဆေးဝါးအထောက်အကူ၊ ယာယီဆေးရုံများနှင့် အမိုးအကာများကို အပူတပြင်း လိုအပ်နေသေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး ကယ်ဆ...

ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသည် ဆေးဝါးအထောက်အကူ၊ ယာယီဆေးရုံများနှင့် အမိုးအကာများကို အပူတပြင်း လိုအပ်နေသေးကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးနှင့် ရေရှည်ပံ့ပိုးကူညီရေးတွင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့သည်။ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်သည် လူဦးရေ (၂၈) သန်းခန့် နေထိုင်ရာဒေသတွင် လှုပ်ခတ်ခဲ့ခြင်း၊အဆောက်အအုံများ ပြိုလဲခြင်း၊ ငလျင်ဘေးကြုံခဲ့ရသော လူမှုအသိုင်းအဝိုင်းများပြားခဲ့ပြီး အများအပြားသည် အစာရေစာနှင့် အမိုးအကာများ မရှိဘဲကျန်ရစ်ခဲ့ရသည်။


news-view-count-icon

24