Apple သည် မတ်လနောက်ဆုံးပတ်၏ သုံးရက်အတွင်း အိန္ဒိယနိုင်ငံမှ iPhoneနှင့် အခြားထုတ်ကုန်များကို လေယာဉ်ငါးစင်းပြည့်သယ်ဆောင်ကာ အမေရိကန်သို့ ပို့ဆောင်ခဲ့ကြောင်း အကြီးတန်းအိန္ဒိယတာဝန်ရှိသူများက ပြောသည်။ယခုကဲ့သို့အလျင်မြန်ပို့ဆောင်မှုသည် ဧပြီ ၅ ရက်တွင် အသက်ဝင်သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အစိုးရချမှတ်သော ၁၀ ရာခိုင်နှုန်း အတုံ့အလှည့်အခွန်သစ် (reciprocal tariff) ကို ရှောင်ကွင်းနိုင်ရေးအတွက်ဖြစ်သည်။



