back

တရုတ် မှ တန်ပြန်ခွန် နောက်ထပ် ၅၀% ကြေငြာ

Apr 09 • 2:09 PM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ် မှ တန်ပြန်ခွန် နောက်ထပ် ၅၀% ကြေငြာ

တရုတ်က ၃၄% နဲ့ တန်ပြန်ခဲ့တာကို မရုတ်သိမ်းလို့ဆိုပြီး ဧပြီလ ၈ ရက်မှာ ထရမ့်က တရုတ်အပေါ် နောက်ထပ် ၅၀% ထပ်တိုးထားပါတယ်။ စုစုပေါင်း ၁၀၄% ဖြစ်သွားပါတယ်။ ဒါကို တရုတ်ကလ...

တရုတ်က ၃၄% နဲ့ တန်ပြန်ခဲ့တာကို မရုတ်သိမ်းလို့ဆိုပြီး ဧပြီလ ၈ ရက်မှာ ထရမ့်က တရုတ်အပေါ် နောက်ထပ် ၅၀% ထပ်တိုးထားပါတယ်။ စုစုပေါင်း ၁၀၄% ဖြစ်သွားပါတယ်။ ဒါကို တရုတ်ကလည်း နောက်ထပ် ၅၀% နဲ့ ထပ်မံ တုန့်ပြန်လိုက်တာပါ။ အီးယူကလဲ ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် ၂၅% တန်ပြန်အခွန်ကို ဧပြီ ၁၅ ရက်မှာ စတင်ကောက်ခံမယ်လို့ ဖော်ပြထားပါတယ်။ ဒါက ပထမအဆင့် တုန့်ပြန်မှုဖြစ်ပီး၊ ဒုတိယအဆင့်ကိုတော့ မေလထဲမှာ စတင်မယ်လို့ ဆိုပါတယ်။ ကနေဒါ ကလဲ ထရမ့်ရဲ့ ၁၅% ကုန်သွယ်ခွန်ကို တုန့်ပြန်တဲ့အနေနဲ့ April 9 က စပီး အမေရိကန်ထုတ် ကားတွေအပေါ် တန်ပြန် ၂၅% ကောက်မယ်ဆိုပီး ကြေငြာထားပါတယ်။



news-view-count-icon

10