တရုတ်ပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်းရှိ ဟဲဘေး (Hebei) ပြည်နယ်အတွင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာ ဧပြီလ ၈ ရက် ညပိုင်းက မီးလောင်မှုတစ်ရပ်ဖြစ်ခဲ့လို့ လူ ၂၀ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဧပြီလ ၉ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။ ဘိုးဘွားရိပ်သာအတွင်းရှိ အခြားသော သက်ကြီးရွယ်အိုတွေကိုတော့ အနီးရှိဆေးရုံတစ်ရုံကိုပို့ပြီး ပြုစုစောင့်ရှောက်မှုနဲ့ ကုသမှုပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ မီးလောင်ရခြင်းရဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးဆဲဖြစ်ပါသည်။



