ဂျပန်နိုင်ငံ၊ တိုကျိုနဲ့တခြားခရိုင် ၇ ခုမှာရှိတဲ့ တိုးဂိတ်တချို့မှာ လမ်းအသုံးပြုခ အီလက်ထရွန်းနစ်ကောက်ခံမှုစနစ် ရပ်တန့်နေခဲ့ပြီးနောက် ၃၈ နာရီလောက်အကြာမှာ ယာယီပြုပြင်ခဲ့တယ်လို့ ဂျပန်အမြန်လမ်းစီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုက ဆိုပါတယ်။ ယာဉ်မောင်းသူတွေဟာ ETC ဂိတ်တွေကို ပုံမှန်အတိုင်း အသုံးပြုနေပြီလို့ Central Nippon Expressway ကုမ္ပဏီက ဧပြီ ၇ ရက် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ကြေညာခဲ့ပါတယ်။



