အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် စပေါ့စီလ်ဗေးနီးယားမှာ ဧပြီ ၈ ရက်က ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး တခြား ၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်လောက်မှာ အိုးလ်ဒီ ဂရင်းနွစ်ချ် စက်ဝိုင်းဧရိယာမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကြောင်း စပေါ့စီလ်ဗေးနီးယား ရဲအရာရှိရုံးက သတင်းရရှိခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ သေဆုံးသူတွေရဲ့ အသက်အရွယ်ကို မသိရသေးဘဲ သံသယရှိသူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပဲ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အခင်းဖြစ်ပွားရာ နေရာမှာ လူ ၆ ယောက်ကို တွေ့ရှိခဲ့ပြီး ၃ ယောက် သေဆုံးကာ အသက်ရှင်ကျန်ရစ်သူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။



