back

ထောက်ပံ့ရေးပစ္စည်း ၅၅ တန်တင်ဆောင်လာသည့် EU ၏ ဒုတိယမြောက်လေယာဥ် ရန်ကုန်သို့ ရောက်ရှိ

Apr 09 • 1:50 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ထောက်ပံ့ရေးပစ္စည်း ၅၅ တန်တင်ဆောင်လာသည့် EU ၏ ဒုတိယမြောက်လေယာဥ် ရန်ကုန်သို့ ရောက်ရှိ

ထောက်ပံ့ရေးပစ္စည်း ၅၅ တန်တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဥ် ရန်ကုန်သို့ ရောက်ရှိလာသည်ဟု ဥရောပသမဂ္ဂ EU က ထုတ်ပြန်သည်။ဥရောပသမဂ္ဂမှ စီစဉ်ပေးသည့် လူသားချင်းစာနာထောက်ထ...

ထောက်ပံ့ရေးပစ္စည်း ၅၅ တန်တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဥ် ရန်ကုန်သို့ ရောက်ရှိလာသည်ဟု ဥရောပသမဂ္ဂ EU က ထုတ်ပြန်သည်။ဥရောပသမဂ္ဂမှ စီစဉ်ပေးသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွင် အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် လိုအပ်နေသူများကို ကူညီရန် အခြားအရေးကြီးပစ္စည်းများ ပါဝင်ပြီး ဧပြီ ၉ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။လေကြောင်းဖြင့်ပို့ဆောင်သော ပစ္စည်းများအပြင်၊ ဥရောပသမဂ္ဂမှ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၃၃ သန်းကို ထောက်ပံ့ရန် ချမှတ်ပြီးသားဖြစ်သည့်အပြင်၊ ယခု မြေငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကို ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း EU က ကြေညာထားသည်။ဥရောပသမဂ္ဂအနေဖြင့် မြေပြင်ပေါ်ရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမှန်တကယ် အရေးတကြီးလိုအပ်သူအားလုံးထံသို့ အကူအညီ ရောက်ရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း EU က ထုတ်ပြန်ထားသည်။


news-view-count-icon

11