ယခုလကုန်ပိုင်းတွင် ရုံးများအားလုံး ဖွင့်လှစ်နိုင်ပြီး ရုံးလုပ်ငန်းများ အမြန်ဆုံးလည်ပတ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းကိုသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာန ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/ ၂၀၂၅) တွင်ထည့်သွင်းပြောကြားခဲ့သည်။ထို့ပြင် ရုံးများ ပြုပြင်ဆဲကာလတွင် ယာယီရုံးများဖွင့်လှစ်၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆောက်အအုံများကို ထိခိုက်ပျက်စီးမှုပမာဏအလိုက် အဆင့် (၃)မျိုး ၊ အနီရောင်/ လိမ္မော်ရောင်နှင့် အပြာရောင်ဟူ၍ ခွဲခြားစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။



