back

ပြည်ထောင်စုဝန်ကြီးမှ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရုံးအမှတ် (၂၇) ရှိ ရုံးအဆောက်အအုံများပြင်ဆင်နေမှုနှင့် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

Apr 09 • 11:41 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ပြည်ထောင်စုဝန်ကြီးမှ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရုံးအမှတ် (၂၇) ရှိ ရုံးအဆောက်အအုံများပြင်ဆင်နေမှုနှင့် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဧပြီလ ၈ရက်နေ့ သတင်းကြေငြာချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်...

ဧပြီလ ၈ရက်နေ့ သတင်းကြေငြာချက်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ရုံးအမှတ် (၂၇) ရှိ ရုံးအဆောက်အအုံများ ပျက်စီးမှုများကို ပြင်ဆင်နေမှုနှင့် ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည့် ဓာတ်အားခွဲရုံဝန်ထမ်းအိမ်ရာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

news-view-count-icon

15