back

ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်အချို့ လေဆင်နှာမောင်းတိုက်ခတ်

Apr 09 • 11:40 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်အချို့ လေဆင်နှာမောင်းတိုက်ခတ်

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းမိုးရွာသွန်း​နေပြီး (ယမန်​နေ့) ဧပြီ ၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း၊ ကျောက်တန်း၊ သန်လျှင်၊ သုံးခွမြို့နယ်တို့တွင် လေဆင်နှာမောင်း ...

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းမိုးရွာသွန်း​နေပြီး (ယမန်​နေ့) ဧပြီ ၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း၊ ကျောက်တန်း၊ သန်လျှင်၊ သုံးခွမြို့နယ်တို့တွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည်။လေဆင်နှာမောင်းကြောင့် ကျောက်တန်း၊ သန်လျှင်၊ သုံးခွမြို့နယ်တို့တွင် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်အချို့ပျက်စီးခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။အဆိုပါမြို့နယ်များသည် ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်၌ပါဝင်ပြီး ပင်လယ်မြစ်ဝနှင့်လည်း ဆက်စပ်သည်။ ‌လေဆင်နှာမောင်းသည် မိုးတိမ်တောင်ကြောင့်ဖြစ်လာသည့် စိုက်ဆင်းလေပြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုကြီးမားစေသည်။ အထူးသဖြင့်မွန်းလွဲပိုင်းနှင့် ည​နေပိုင်းတို့တွင်အဖြစ်များ​လေ့ရှိ​ကြောင်းမိုးဇလပညာရှင်များက​ပြောသည်။


news-view-count-icon

17