မနေ့က ဧပြီ(၈)ရက် ညပိုင်းက အမရပူရမြို့၊ ဆင်ကာရပ်ကွက်၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှာ လာရောက်ငလျင်ဘေးရှောင်နေတဲ့ ပြည်သူတွေထဲက အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ အမရပူရဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်နေဆဲဖြစ်တာကြောင့် နှစ်ပတ်နီးပါးကြာတဲ့အထိ အမရပူရက ပြည်သူတွေဟာ ယာယီတဲတွေမှာ နေထိုင်နေရတာကြောင့် မြွေပါးကင်းပါး သတိထားနေရတယ်လို့ ဒေသခံတွေက ရှင်းပြပါတယ်။



