ဧပြီလ ၈ရက်နေ့ သတင်းကြေငြာချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် သစ်တောသုတေသနဌာနဝင်းအတွင်းရှိ ပြောင်းရွှေ့ဝန်ထမ်းမိသားစုများ ယာယီထားရှိရာ တက္ကသိုလ်ဓမ္မာရုံနှင့် အဆောင်များ၊ သစ်တောဓမ္မာရုံနှင့် ဧည့်ရိပ်သာများသို့ သွားရောက်၍ ဝန်ထမ်းမိသားစုများအတွက် နေထိုင်စားသောက်ရေးနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြောင်းရွှေ့ဝန်ထမ်းများ ထားရှိရာ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ နေပြည်တော်တိုင်းရုံးအတွင်း တစ်နာရီ ရေလီတာ ၃၀၀ ထုတ် ရေသန့်စက်တပ်ဆင်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေသန့်စက်များ ထပ်မံတပ်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးမှငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သစ်ခွဲသားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် သစ်စက်နှင့် သစ်ဆိပ်များအား ကွင်းဆင်းစစ်ဆေး
Apr 09 • 11:28 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 11 | 0 | 0 | 0 |


