ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံမြို့တွင် သင်္ကြန်ကာလအတွင်း ပြုလုပ်လေ့ရှိသည့် ရှမ်းတိုင်းရင်းသားရိုးရာမဟာသင်္ကြန် ဖားစည်တော်ပို့ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရသည့် ငလျင်ဘေးဒဏ်ကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပတော့ဘဲ ရိုးရာမပျက် အကျဉ်းချုံး၍သာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံက သိရသည်။ရိုးရာမပျက် အနေဖြင့် အကျဉ်းချုံး၍ ပူဇော်ပသမှုများကိုသာ ပြုလုပ်သွားမည်ဖြစ်ပြီး ယခင့် ယခင်နှစ်များကလို လူစုလူဝေးများစွာဖြင့် စီတန်းကာ မြို့တွင်းလှည့်လည်ကာ ပို့ဆောင်မှုမျိုးကို လုပ်ဆောင်မည်မဟုတ်ကြောင်း သိရသည်။



