back

နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ နောက်ဆုံးထား လျှောက်ခွင့်ပြုမည်ဟုဆို

Apr 09 • 11:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို မေလ နောက်ဆုံးထား လျှောက်ခွင့်ပြုမည်ဟုဆို

၂၀၂၅ခုနှစ် အထွေအထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြ...

၂၀၂၅ခုနှစ် အထွေအထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ကြေညာထားသည်။အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့်အတွက် နိုင်ငံရေးပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ နိုင်ငံရေးပါတီများပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းများကို ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅၆ ပါတီ ရှိပြီး တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိကြောင်း သိရသည်။



news-view-count-icon

16