မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ကြက်ခြေနီ အသင်းခွဲက ဖွင့်လှစ်ထားတဲ့ ရှေးဦးပြုစုခြင်းစခန်း(First post) လေးဟာ ပြီးခဲ့တဲ့ မတ်လ(၂၈ )ရက်နေ့ကစလို့ မြို့နယ်ငလျင်ဘေးရှောင်စခန်းငယ်တစ်ခုမှာဖွင့်လှစ်ခဲ့တာဖြစ်ပြီး ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို ရှေးဦးပြုစုကူညီခဲ့ကြတာဖြစ်ပြီးဒီနေရာလေးဟာသေးငယ်ပေမယ့် ငလျင်ရှောင်စခန်းငယ်ကလူတွေအတွက်တော့ သူတို့ရှိနေတာအားရှိတယ်လို့ ဒဏ်ရာဆေးလာထည့်သူတစ်ဦးက ဆိုခဲ့ပါတယ်။လက်ရှိ ငလျင်ရှောင်စခန်းငယ်လေးမှာ ငလျင်ရှောင်အိမ်ထောင်စုဟာ၄၀ နီးပါးရှိပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီလျက်ရှိပါတယ်။



