ငလျင်ဒဏ်ခံစားနေရသည့် ဒေသများရှိ အိမ်ထောင်စု ၂၀,၀၀၀ အတွက် အရေးပေါ်အသုံးအဆောင်များနှင့် စားနပ်ရိက္ခာများကို CB KMA Foundation ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ထပ်မံပေးပို့ရန် CB ဘဏ်မှ ပြင်ဆင်လျက်ရှိကြောင်း ဧပြီ ၉ ရက်နေ့တွင် အသိပေးခဲ့သည်။ ထိုအထုပ်များကို တောင်ငူမြို့ရှိ ကေတုမတီဟိုတယ်၌ ဒေသခံပရဟိတအသင်းများဖြစ်သော T.E.R.T၊ အာယုပါလနှင့် မေတ္တာရှင်တို့၏ ပူးပေါင်းကူညီမှုဖြင့် ထုတ်ပိုးပြင်ဆင်နေကြသည်။



