မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် မြေပြင်အက်ကွဲကာ ရတနာပူရ အင်းဝမြို့ဟောင်းတွင် တည်ရှိသည့် သရက်ကင်းလှေကားနှင့် ရေနန်းတော် စသည့် အင်းဝခေတ် ယဉ်ကျေးမှုမွေအနှစ်များ ပေါ်ထွက်လာခဲ့သည်။ ထိုအဆောက်အအုံမှတ်တမ်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စနစ်တကျ ဖော်ထုတ်၍ ထိန်းသိမ်းကာ အများပြည်သူ လေ့လာနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



