မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့တွင် ဒဏ်ရာရရှိသူ (၁၀၄) ဦးကို စစ်ကိုင်းကုတင် (၂၀၀) ဆံ့ ဆေးရုံကြီးတွင် ဆေးကုသခဲ့ပြီး၊ ဧပြီ ၈ ရက်နံနက်ပိုင်းတွင် ဆေးကုသမှု ခံယူလျက်ရှိသူမှာ (၁၁) ဦးသာ ကျန်ရှိနေကြောင်း သိရသည်။ ထို့အပြင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများကို စက်ယန္တရားများဖြင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။



