မန္တလေးငလျင်ကြီးတွင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထီးတော်ပျက်ကျကာ အပျက်အစီးများရှင်းလင်းစဉ်တွင် ရတနာပစ္စည်းပေါင်း ၁၂၅၀ မျိုး (အကြိမ်အလိုက် ၃ ရက်တိုင်တိုင် ၄၈၇ မျိုး၊ ၅၁၄ မျိုးနှင့် ၂၄၉ မျိုး) ကို ရှာဖွေတွေ့ရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ဝင်များပူးပေါင်းကာ တာဝန်ရှိဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်သည်။



