မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသည့် ဒေသခံများသည် ပြည်ပမှ လာရောက်ဖွင့်လှစ်ထားသော ယာယီဆေးရုံများမှာ အလှမ်းဝေးသည့်အတွက် သွားရောက်ကုသမှု နည်းပါးကြောင်း မဟာလူမှုကယ်ဆယ်ရေးအသင်းမှ သိရပြီးငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ပြည်သူလူထုအနေဖြင့် အစိုးရဆေးရုံကြီးများတွင်သာ စုပြုံကာ ဆေးဝါးကုသမှု ခံယူနေကြပြီး ပြည်ပမှ လာရောက်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံများတွင်မူ လူနာနည်းပါး လျက်ရှိသည်ကို တွေ့ရသလို လူနာနည်းပါးရခြင်းမှာ ဒေသခံလူထု အနေဖြင့် ပြည်ပမှ ယာယီဆေးရုံများ လာရောက်ဖွင့်လှစ်ထားသည်ကို မသိရှိကြသူများလည်းရှိကာမန္တလေးမြို့တွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကုသပေးနိုင်ရန်အတွက် ဂျပန်၊ အိန္ဒိယ၊ တရုတ်နှင့် ရုရှား စသည့် နိုင်ငံများမှ ယာယီဆေးရုံများ ဖွင့်လှစ်ကာ ဆေးဝါးကုသပေးလျက်ရှိပြီးတရုတ်နိုင်ငံမှ ဖွင့်လှစ်ထားသော ယာယီဆေးရုံသည် လမ်း ၃၀၊ ၇၂ လမ်း နှင့် ၇၃ လမ်းကြားတွင်ရှိပြီး အိန္ဒိယမှ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံသည် ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းအဟောင်းတွင် တည်ရှိကာ ရုရှားနိုင်ငံမှ ဖွင့်လှစ်ထားသော ယာယီဆေးရုံသည် ၆၈ လမ်းနှင့် ၁၀၇ လမ်းထောင့်မှာရှိသည့် မန္တလာ သီရိဘောလုံးကွင်းတွင် ရှိပြီး ဂျပန်နိုင်ငံက ဖွင့်လှစ်ထားသော ယာယီဆေးရုံမှာ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီရုံး ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားတွင် ဖွင့်လှစ်ထားသလိုအဆိုပါ ယာယီဆေးရုံများတွင် ခွဲစိတ်ခန်း အသေးစားနှင့် ဆေးဝါးကုသသည့် ပစ္စည်းများလည်း အစုံအလင် ပါရှိသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိသူများအား အချိန်နှင့်တပြေးညီ ကုသပေးနိုင်ပါတယ်။
Apr 08 • 8:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 54 | 0 | 0 | 0 |


