back

အင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်

Apr 08 • 8:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

အင်ဒိုနီးရှားနိုင်ငံအာ‌ချေပြည်နယ်တွင်ရစ်ခ်တာစ‌ကေး၅.၉ ငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာ‌ချေပြည်နယ်တွင် ဧပြီလ၈ရက်နေ့အစောပိုင်းက ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှ...

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် အာ‌ချေပြည်နယ်တွင် ဧပြီလ၈ရက်နေ့အစောပိုင်းက ရစ်ခ်တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း နိုင်ငံ၏ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒ အေဂျင်စီက ပြောကြားခဲ့သည်။ကနဦးတွင် အေဂျင်စီက ငလျင်၏ပြင်းအားကို ၆.၂ အဖြစ် ဖေါ်ပြခဲ့ပြီး ပြင်းအား ကို ပြန်လည်ပြင်ဆင်ကာ လျှော့ချခဲ့ခြင်းဖြစ်သည်။ငလျင်သည် ဧပြီလ၈ရက်နေ့ နံနက် ၂ နာရီ ၄၈ မိနစ်တွင် ဂျကာတာစံတော်ချိန် (၁၉:၄၈ ဂရင်းနစ်စံတော်ချိန် ဧပြီလ၇ရက်နေ့) တွင် ငလျင်ဗဟိုချက်ဖြစ်သော စီမီယူလူး ခရိုင် ရှိ စီနာဘန် မြို့ အရှေ့တောင်ဘက် ၆၂ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ကီလိုမီတာ ၃၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


news-view-count-icon

27