back

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေမြို့နယ်ရဲ့ပင်မ(၁၀)ရပ်ကွက်အတွက် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနှင့် အသင်းသားများမှ အိမ်ထောင်စု (၁)စုလျှင် ကူညီထောက်ပံ့ငွေ - ၃၀၀,၀၀၀/- ကျပ်နှင့် အခြား‌ ထောက်ပံ့ပစ္စည်းများလှူဒါန်းခဲ့

Apr 08 • 8:56 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေမြို့နယ်ရဲ့ပင်မ(၁၀)ရပ်ကွက်အတွက် ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနှင့် အသင်းသားများမှ အိမ်ထောင်စု (၁)စုလျှင် ကူညီထောက်ပံ့ငွေ - ၃၀၀,၀၀၀/- ကျပ်နှင့် အခြား‌ ထောက်ပံ့ပစ္စည်းများလှူဒါန်းခဲ့

(၈-၄-၂၀၂၅) ရက်ယနေ့၌ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး မီးလောင်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေမြို့နယ်၊ သံလျက်မော်/အနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၉၀/၃၉၁)၊...

(၈-၄-၂၀၂၅) ရက်ယနေ့၌ အင်အားပြင်းငလျင် လှုပ်ခတ်ပြီး မီးလောင်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေမြို့နယ်၊ သံလျက်မော်/အနောက်ရပ်ကွက်၊ အကွက်အမှတ် (၃၉၀/၃၉၁)၊ ပင်မ(၁၀)ရပ်တွင် ငလျင်ဘေးသင့် အိမ်ထောင်စု (၄၅၂)စုနှင့် မီးဘေးသင့် အိမ်ထောင်စု (၈၉)စုတို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနှင့် အသင်းသားများမှ အိမ်ထောင်စု (၁)စုလျှင် ကူညီထောက်ပံ့ငွေ - ၃၀၀,၀၀၀/- ကျပ်နှင့် အခြား‌ ထောက်ပံ့ပစ္စည်းများ ဖြစ်သော စောင်၊ ခြင်ထောင်၊ ငါးသေတ္တာဘူးများ၊ ဓါတ်ဆား၊ လက်သန့်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ လက်ဖက်အစုံ၊ ငါးပိထောင်း၊ ငါးပိကြော်၊ ကွတ်ကီးမုန့်၊ ရေသန့်၊ အမျိုးသမီးလစဉ်သုံး၊ ဒိုင်ဗာများအား ပေးအပ် လှူဒါန်းခဲ့ပါတယ်။

news-view-count-icon

25