ချို့တဲ့နွမ်းပါးသည့် အသက် ၈ မှ ၁၅ နှစ်အရွယ်ကလေးများအတွက် ရှင်သာမဏေအဖြစ် ဝတ်ဆင်နိုင်ရန် ရှင် ၁၀၈ ပါးအလှူတော်ကို ဧပြီ ၂၆ ရက်နေ့တွင် ရန်ကုန်၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် Lady Grace Diamond Land မှ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကန်းစီမံမှုအတွက် ဧပြီ ၁၁ ရက်သည် စာရင်းပေးသွင်းရန်နောက်ဆုံးရက်ဖြစ်ပြီး မေလ ၁ ရက်တွင် ရှင်သာမဏေကာလပြီးဆုံးမည်။ ထိုကာလအတွင်း ကုန်ကျစရိတ်မရှိဘဲ နေ့စဉ်ဆွမ်းများနှင့် သင်ကြားမှုအစီအစဉ်များပါဝင်မည်ဖြစ်ပြီး ငွေကြေးမရှိသော်လည်း ဘာသာရေးပညာတော်သင်နိုင်ရေးအတွက် အခမဲ့ဝန်ဆောင်မှုတစ်ရပ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း စာရေးဆရာမ နန်းတင်မိုးသူက ပြောကြားသည်။



