နေပြည်တော်ပျဉ်းမနားမြို့အတွင်း ငလျင်သင့်ပြီးနောက် ပျက်စီးသွားသောအဆောက်အဦများထဲ ဝင်ကောက်ခွင့်ရသဖြင့် ပလုံကောက်သူများသည် သံအလွတ်၊ ပလစ်စတစ်နှင့် သွပ်စများကောက်ရောင်းကာ တစ်နေ့လျှင် ငါးသောင်းခန့်ဝင်ငွေရှိလာပြီး စားဝတ်နေရေးအဆင်ပြေနေကြသည်။ သို့သော် မသိမ်းဆည်းရသေးသည့်ပစ္စည်းများပါဝင်နေခြင်းကြောင့် လုံခြုံရေးအဖွဲ့များက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။



