မန္တလေးမြို့တွင် ငလျင်ကြောင့် သေဆုံးသူအများအပြားရှိလာသဖြင့် သုဿန်သုံးခုဖြစ်သော ကြာနီကန်၊ တောင်အင်းနှင့် မြောက်အင်းသုဿန်များတွင် သင်္ဂြိုဟ်မီးစက်များ မလုပ်ဆောင်နိုင်အောင် နေ့စဉ်အလောင်းရာနဲ့ချီ သင်္ဂြိုဟ်နေကြောင်း လူမှုကူညီရေးအသင်းများက ပြောကြားသည်။ မနေ့က သေဆုံးသူ ၃၀၀ ကျော်၊ ဒီနေ့ မနက်မှာသာလည်း ၂၀၀ ကျော် သင်္ဂြိုဟ်ခဲ့ကြောင်း သိရပြီး သင်္ဂြိုဟ်စက်အပြင်တွင်ပါ ထပ်နေသောအလောင်းများ၊ သုဿန်အနီးသင်္ဂြိုဟ်မှုများ၊ သံဃာတော်များပါ ပါဝင်သင်္ဂြိုဟ်နေမှုတို့ကြောင့် သုဿန်များအဆင်မပြေဖြစ်နေသည်။ နစက၏ အချက်အလက်အရ စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် သေဆုံးသူ ၃,၄၅၅ ဦး၊ ဒဏ်ရာရသူ ၄,၈၄၀ ဦးနှင့် ပျောက်ဆုံးသူ ၂၁၄ ဦး ရှိနေပြီး အဆောက်အဦများနှင့် ဘုရားကျောင်းပေါင်းများစွာလည်း ထိခိုက်ပျက်စီးမှုခံခဲ့ရကြောင်း ဖော်ပြထားသည်။



