မကြာခင်က မြန်မာမှ ငလျင်ကြောင့် ဘန်ကောက် အထပ်မြင့် အဆောက်အဦးတွေမှာ နေထိုင်သူတွေဟာ ဘေးကင်းလုံခြုံမှုကို စိုးရိမ်နေကြပါတယ်။ မတ်လ ၂၈ ရက်နေ့မှာ ၇.၇ မဂ္ဂနီကျု ငလျင်ဟာ ဘန်ကောက်ရဲ့ အဆောက်အဦးတွေကို ယိမ်းခါစေခဲ့ပါတယ်။ အိမ်ခြံမြေ အတိုင်ပင်ခံ Owen Zhu က အဲဒီ ငလျင်ဟာ ဘန်ကောက်ရဲ့ အိမ်ခြံမြေ ဈေးကွက်ကို ထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။ သူက “ အထပ်မြင့် တိုက်ခန်းတွေကနေ ပြောင်းရွှေ့ချင်သူတွေ တော်တော်များလာပါတယ်။ ငလျင်ကြောင့် ဘေးကင်းလုံခြုံတဲ့ နေအိမ်တွေကို ပိုမို လိုချင်လာကြပါတယ်။ “ လို့ ပြောပါတယ်။



