အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာက Ballon d'Or ဆုရရှိရေးမှာ အိပ်မက်တစ်ခုဖြစ်ပြီး အာဆင်နယ်အသင်းနှင့် ချန်ပီယံဆုများ ရယူနိုင်ရေးကို ပိုမိုအာရုံစိုက်ထားသည်ဟု ပြောကြားခဲ့သည်။ ဆာကာ(၂၃ နှစ်)သည် ၂၀၁၉-၂၀ ရာသီမှစ၍ အာဆင်နယ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး အသင်း၏ ဦးဆောင်တိုက်စစ်ကစားသမားအဖြစ်လည်း ခြေစွမ်းပြနေသည်။ သို့သော် ၎င်းအနေဖြင့် အာဆင်နယ်အသင်းတွင် FA ဖလား ချန်ပီယံဆုတစ်ကြိမ်သာ ရယူထားနိုင်သေးသည်။ဆာကာသည် ယခုရာသီတွင် တံကောက်ကြောဒဏ်ရာကြောင့် (၃)လကျော် အနားယူခဲ့ရပြီး ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင်မှ ပြန်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။



