back

ငလျင်ကြောင့် ထိခိုက်သော ရန်ကုန်မှအထပ်မြင့်တိုက်များ ပညာရှင်အချို့မှ စစ်ဆေးမှုပြုလုပ်ပေးနေ

Apr 08 • 5:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ငလျင်ကြောင့် ထိခိုက်သော ရန်ကုန်မှအထပ်မြင့်တိုက်များ ပညာရှင်အချို့မှ စစ်ဆေးမှုပြုလုပ်ပေးနေ

ပြီးခဲ့သော မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းမြေငလျင်ကြောင့် ရန်ကုန်မှထိခိုက်မိသော တိုက်များအတွက်လည်း ကြံ့ခိုင်မှုအနေအထားကို ပညာရှင်အချို့မှ စစ်ဆေးမှုမျ...

ပြီးခဲ့သော မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သော အင်အားပြင်းမြေငလျင်ကြောင့် ရန်ကုန်မှထိခိုက်မိသော တိုက်များအတွက်လည်း ကြံ့ခိုင်မှုအနေအထားကို ပညာရှင်အချို့မှ စစ်ဆေးမှုများပြုလုပ်ပေးနေကာစစ်ဆေးရာတွင် အခကြေးငွေမယူဘဲ လူအများဘေးကင်းရေးအတွက်သာ အဓိကထား၍ ပညာအရင်းခံဖြင့် စစ်ဆေးပေးခြင်းလည်းဖြစ်ပြီး မြေလျင်ကြောင့် မိမိတို့အဆောက်အအုံ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ မေးမြန်းလိုပါကလည်း ဖုန်းဖြင့်ဖြစ်စေ၊ Telegram Group မှဖြစ်စေ မေးမြန်းနိုင်ရန်လည်း စီစဉ်ပေးလာခြင်းဖြစ်ရာမိမိတို့၏ တိုက်တာအဆောက်အအုံများနှင့်ပတ်သက်၍ Telegram Group မေးမြန်းရာတွင်လည်း ကျွမ်းကျင်အင်ဂျင်နီယာ များက အချိန်နှင့်တပြေးညီဆွေးနွေးအကြံပြုခြင်းများလည်း ပြုလုပ်လျက်ရှိတာကြောင့် မိမိတို့ တိုက်တာ အဆောက်အအုံများတွင် ထိခိုက်သွားသော အခြေအနေများကို ဖုန်းနံပါတ် ၀၉၂၅၄၅၄၆၇၃၁ သို့လည်းကောင်း၊ March 28 Earthquake in Myanmar အမည်ရှိသော Telegram Group မှလည်းကောင်း ဝင်ရောက်မေးမြန်းကာ အကြံဉာဏ်များ တောင်းခံနိုင်ကြောင်းလည်း သိရပါတယ်။



news-view-count-icon

14