back

အသင်းသားများ ကြိုးစားအားထုတ်မှုကို ကျေနပ်အားရမှုမရှိကြောင်း လီဗာပူးနည်းပြ ပြောကြား

Apr 07 • 5:07 PM

breaking-news

မြန်မာ

ပြည်ပ

cover

အသင်းသားများ ကြိုးစားအားထုတ်မှုကို ကျေနပ်အားရမှုမရှိကြောင်း လီဗာပူးနည်းပြ ပြောကြား

ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်တဲ့ပွဲက လီဗာပူးအသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့ ကျေနပ်အားရမှု မရှိဘူးလို့ လီဗာပူးနည်းပြ စလော့က ပြောသွားခဲ့ပါတယ်။ လီဗာပူ...

ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်တဲ့ပွဲက လီဗာပူးအသင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်လို့ ကျေနပ်အားရမှု မရှိဘူးလို့ လီဗာပူးနည်းပြ စလော့က ပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင် ရာသီလက်ကျန်ပွဲတွေကို ပိုမိုသတိထားပြီး ဂရုစိုက် ကစားသွားရမယ်လို့လည်း နည်းပြ စလော့က သတိပေးသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ခံစစ်ကစားသမားတွေရဲ့ အမှားနဲ့ အတူ အခုရာသီ ဒုတိယမြောက် လိဂ်ရှုံးပွဲကို ရင်ဆိုင်လိုက်ရတာပါ။ လီဗာပူးအသင်းဟာ ၁၄ မိနစ်အတွင်းမှာပဲ ဖူလ်ဟမ်အသင်းကို ၃ ဂိုးဆက်တိုက် ပေးလိုက်ရတာဖြစ်ပြီး ဒီလို ဂိုးတွေပေးရတာက အသင်းသားတိုင်းမှာ တာဝန် ရှိတယ်လို့ စလော့က ပြောသွားခဲ့တာဖြစ်ပါတယ်။ 


news-view-count-icon

18