စီးရီးအေ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို ထိခိုက်စေတဲ့ အခြေအနေက အသင်းနဲ့ စာချုပ်သစ် မချုပ်တဲ့ သူရဲ့အနာဂတ်ကိစ္စနဲ့ မပတ်သက်ဘူးလို့ နည်းပြ ဂက်စ်ပါရီနီက ပြောသွားခဲ့ပါတယ်။ နည်းပြ ဂက်စ်ပါရီနီနဲ့ အတ္တလန္တာအသင်းတို့ စာချုပ်က ၂၀၂၅ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ် အလို အလျောက် သက်တမ်းတိုးခွင့် ရှိနေတာပါ။ နည်းပြ ဂက်စ်ပါရီနီကတော့ အသင်းရလဒ်ဆိုးတွေက သူစာချုပ်သစ် မချုပ်တာနဲ့ ပတ်သက်တယ်ဆိုတဲ့ ပြောကြားမှုတွေကို ငြင်းဆိုသွားခဲ့ပြီး လက်တလော ရလဒ်ဆိုးနေမှုက ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကံတရားတွေကြောင့်သာ ဖြစ်တယ်လို့ ပြန်လည်ရှင်းလင်း သွားခဲ့ပါတယ်။



