back

ထိုင်းတွင် ပထမဆုံးဖော်မြူလာဝမ်းကားပြိုင်ပွဲ ကျင်းပမည်

Apr 07 • 5:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းတွင် ပထမဆုံးဖော်မြူလာဝမ်းကားပြိုင်ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဖော်မြူလာဝမ်း(F1) ကားမောင်းပြိုင်ပွဲကို လာမယ့် ၂၀၂၈ ခုနှစ်အတွင်း ဘန်ကောက်မြို့မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲ ကျင်း...

ထိုင်းနိုင်ငံရဲ့ ပထမဆုံး ဖော်မြူလာဝမ်း(F1) ကားမောင်းပြိုင်ပွဲကို လာမယ့် ၂၀၂၈ ခုနှစ်အတွင်း ဘန်ကောက်မြို့မှာ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲ ကျင်းပဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့နေရာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းအစိုးရနဲ့ ပွဲကျင်းပရေးကော်မတီတို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ ကြတာပါ။ ခရီးသွားတွေကို ပိုပိုဆွဲဆောင်နိုင်ဖို့အတွက် ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်းက Chatuchak ဧရိယာမှာ ကျင်းပဖို့ ကော်မတီက သဘောတူခဲ့ပါတယ်။ ဘန်ကောက်မြို့တွင်းက အများပြည်သူသုံး ပန်းခြံတွေအနီးက လမ်းမတွေပေါ်မှာ ပြိုင်ပွဲကျင်းပဖို့ စီစဉ်နေပြီး ပြိုင်ပွဲလမ်းကြောင်းက ခန့်မှန်းခြေ ၅ ကီလိုမီတာကနေ ၆ ကီလို မီတာဝန်းကျင် ရှိနိုင်ပါတယ်။



news-view-count-icon

21