ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ငလျင်ကြောင့် ပြိုကျသွားခဲ့တဲ့ ငွေစာရင်းစစ်ရုံး အထပ် ၃၀ တိုက်ဆောက်လုပ်ရာမှာ အလုပ်သမား ၁၀၀ ကျော် လုပ်အားခမရသေးဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
တိုက်ထဲမှာ လျှပ်စစ်မီးကြိုးသွယ်တန်းဖို့နဲ့ သံကြိုးတွေတဲနှောင်ဖို့ သူတို့ကို ငှားရမ်းခဲ့တဲ့ 9PK ကုမ္ပဏီထံကနေ ရသင့်ရထိုက်တဲ့ လုပ်အားခတွေမရတဲ့အကြောင်း သက်ဆိုင်ရာအလုပ်သမား ခေါင်းဆောင်တွေက ဧပြီလ ၆ ရက်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံရှင်းလင်းခဲ့ကြပြီး ပြေလည်မှုမရခဲ့ပါဘူး။ စံချိန်မမီတဲ့ သံစတီးချောင်းတွေ အသုံးပြုထားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ အရောင်းကုမ္ပဏီက လာမယ့် ဧပြီ ၉ ရက်မှာ သတင်းစာရှင်းမယ်လို့ သတင်းမှာ ဖော်ပြပါသည်။



