မြန်မာနိုင်ငံငလျင်ဘေးသင့် ပြည်သူတွေအတွက် အီတလီနိုင်ငံက ယူရိုငွေ ၃ ဒသမ ၃ သန်း ကူညီထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးက ထုတ်ပြန်ပါတယ်။ အင်အားပြင်းငလျင်ဘေးအတွက် တုံ့ပြန်ဆောင်ရွက်မှုအနေနဲ့ အီတာလျံနိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ရန်ပုံငွေ ယူရို ၃ ဒသမ ၃ သန်း ချထား ပေးခဲ့ပြီ ဒီအထဲက ယူရို ၂ သန်းကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ ဖယ်ဒရေးရှင်းကနေတဆင့် အရေးပေါ်လှူဒါန်းပေးမှာဖြစ်ပါတယ်။



