back

ဒေသတွင်း လူမှုစီးပွားကို အထောက်အကူပြုစေမယ့် သံလွင်မြစ်ကူး တာကော်တံတားသစ်ဖွင့်လှစ်ပြီ

Apr 07 • 4:58 PM

breaking-news

မြန်မာ

ရှမ်း

cover

ဒေသတွင်း လူမှုစီးပွားကို အထောက်အကူပြုစေမယ့် သံလွင်မြစ်ကူး တာကော်တံတားသစ်ဖွင့်လှစ်ပြီ

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူး တာကော်တံတားအသစ်တစ်စင်းကို ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာဖြစ်ပ...

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူး တာကော်တံတားအသစ်တစ်စင်းကို ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ယခုဖွင့်လှစ်လိုက်တဲ့ တာကော်တံတားအသစ်သည် သျှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲနဲ့ မိုင်းပြင်းမြို့နယ်ကြားရှိ မိထ္ထီလာ−တောင်ကြီး− ကျိုင်းတုံ−တာချီလိတ်လမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည် ၁,၁၅၁ ပေ ရှည်လျားကာ တံတားအကျယ် ၃၀ ပေနဲ့ ယာဥ်တစ်စီးချင်း ခံနိုင်ဝန် တန် ၆၀ ဖြစ်တယ်လို့ သိရပါတယ်။သံလွင်မြစ်ကူး တာကော်တံတားသည် အိမ်နီးချင်း တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေနဲ့ ဆက်သွယ်သွားလာ ကုန်သွယ်မှုပြုလုပ်ရန်အတွက် အရေးပါတဲ့ တံတားတစ်စင်းဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

20