ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့မရဲစခန်းအပိုင်တွင် (၆ ၄ ၂၀၂၅)ရက်နေ့(၁၂:၀၀)အချိန်ခန့် ပြည်အသင့်ပါလာသောမြို့၊ရွာဘဲရပ်ကွက်၊အောင်သုခလမ်းမပေါ်တွင် ဟိန်းမင်းကို(၁၇)နှစ်နှင့် ကျော်ကိုကို(၂၀)နှစ် သစ်တောရုံးလမ်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေသူတို့ (၂)ဦးအား ဓားထိုးခံရ၍ ဆေးရုံသို့ လူနာတင်ယာဥ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းကို ရွာဘဲရပ်ကွက် ရာအိမ်မှူးမှ မြို့မရဲစခန်းမှူး ထံ အကြောင်းကြားခဲ့သဖြင့် မြို့မရဲစခန်းမှူး ဦးစီးသည့်အဖွဲ့သည် ပြည်ဆေးရုံကြီးသို့ ၁၂း၃၀ အချိန် သွားရောက်စစ်ဆေးခဲ့ကြသည်ဟု သိရသည်။



