ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်မှာရှိတဲ့ ၂ နှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီးခဲ့ပြီလို့ မြို့နယ်ကျန်းမာရေးဌာန(Matupi Township Health Department )က ဒီကနေ့ ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။လိုအပ်တဲ့ကာကွယ်ဆေး၀ါးတွေကို Chin Health Organization က ကူညီပံ့ပိုးပေးတဲ့အပြင် ကျန်ဆေးဝါးတွေကို အလှူရှင်ထောက် ပံ့မှုနဲ့ မတူပီမြို့နယ်ကျန်းမာရေးငှာနမှ ဝယ်ယူထိုးနှံပေးခဲ့တာလို့ ဖော်ပြပါတယ်။ဒါ့အပြင် ဘက်လိုက်ခွဲခြားမှူမရှိဘဲ ပြည်သူ လူထုတစ်ရပ်လုံးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိနေသလို ဆက် လက်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါသည်။



