ဧပြီ ၆ ရက်နေ့က ထိုင်းနိုင်ငံ ပထုံဌာနီ - ဘန်ပအင်းလမ်းပေါ်တွင် သတင်းကြိုတင်ရရှိထားသဖြင့် ကုန်ကားတစ်စီးကို အမှတ် ၁၉၁ အထူးကင်းလှည့်ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ ဆာလာအိတ် ၄၀ ဖြင့် စိတ်ကြွဆေး အလုံး ၈သန်း သယ်ဆောင်လာသည်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းကုန်ကားသည် ဘန်ကောက် လိုင်စင်နံပါတ်ပြားနှင့်ဖြစ်ပြီး ယာဉ်မောင်းမှာ အသက် ၄၀ အရွယ် နန်းခရိုင်၊ အန်ဖုန်းမြို့၊ ဆာနီယန်ရွာမှ မုန်းထိုင်းလူမျိုး ရွာသားဖြစ်ပြီး နောက် ဆက်တွဲ တရားခံများကိုပါ ဆက်လက် ဖော်ထုတ်နိုင်ရေး ကားအနှံ့ကို DNA စစ်ဆေးမှုနှင့် လက်ဗွေယူခြင်းများပါ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။



