မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးအတွက် ဥရောပသမဂ္ဂ(EU)က ယူရို ၁၀ သန်း ထပ်မံ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဤရန်ပုံငွေသည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၁၃ သန်း အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်း၏ တစိတ်တဒေသ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။



